Posts

Showing posts from June, 2020

ဝေဖန်မှုတွေခံနေရတဲ့ ​ဖခင်ဖြစ်သူရဲ့ ပန်းချီကားနဲ့ ပတ်သက်ပြီး ချစ်သုဝေပြောပြီ..

Image
အဆိုတော် သရုပ်ဆောင် ချစ်သုဝေ က တော့ လက်တလောမှာ သူမ ဖခင် ရဲ့ ပန်းချီကားနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေအပေါ် သူမရဲ့ လူမှုကွန်ယက် စာမျက်နှာထက်က နေ ပြန်လည် ပြောပြလာပါတယ်။ "ကျွန်မဖေဖေ​ရေးဆွဲ​သော ပန်းချီပုံတစ်ခုနှင့်ပတ်သက်၍ အနည်းငယ်ပြောဖို့ ရှိလာပါသည်။  အဲဒီနေ့က လူထုခေါင်းဆောင် အမေ့မွေးနေ့။ ကျွန်မဖေဖေက မွေးနေ့ပန်းချီကား တစ်ချပ် ဆွဲထား၍ ဖေဖေ့အိမ်သို့ သွားပါသည်။ ရည်ရွယ်ချက်က ကျွန်မတို့ ပန်းချီကားနှင့် အမှတ်တရမွေးနေ့ဆုမွန်တောင်းဖို့ပါ။  ရိုးရိုးသားသားပြောရရင် ဖြစ်ကြောင်းကုန်စင်က ဒီလောက်ပါဘဲ။ ဖေဖေနှင့် ခင်ပွန်းသည် ကိုးကွယ်သော ဗုဒ္ဓဘာသာ အပေါ်  ကျွန်မက မလေးမစား စော်ကားသည်ဟု ထင်မြင်ချက်အချို့နှင့်ပတ်သက်၍ အခုထိကျွန်မ နားမလည်နိုင်သေးပါ။ ကျွန်မတို့မိသားစုအလှူ ဘုရားကျောင်းဆောင်၊ မုခ်ဦး၊ တန်ဆောင်း၊ ကထိန် အလှူများကိုဖော်ပြ၍လည်း မရှင်းပြချင်ပါ။ ထိုအလှူများသည် သဒ္ဒါ၍ လှူချင်လို့ လှူခဲ့ခြင်းဖြစ်ပါသည်။ ထိုအလှူများ၏ မှတ်တမ်းမှတ်ရာ ဓါတ်ပုံများစွာသည်လဲ ဒီလူမှုကွန်ယက်ပေါ်တွင် များစွာရှိပါသည်။  ဒီပန်းချီကားနှင့်ပတ်သက်၍ ကျွန်မမှာ အားနည်းချက်တစ်ခုရှိခဲ့ပါသည်။ ဥဏ္ဏလုံမွှေးရှင်တော်နှင့် ပတ်သက်၍ ပန်းချီကာ...

"အလှတွေပြင်ပြီး ဘုရားသွားတာ ဘုရားမဖူးရပဲ ပြန်လာရတဲ့ Smile(စမိုင်းလ်)တို့သားအမိ

Image
"အလှတွေပြင်ပြီးဘုရားသွားတာ ဘုရားကပိတ်ထားတော့ဘာပြောလဲ ပြန်လာရတာပေါ့ 😂" ဆိုတဲ့ Smile တို့သားအမိ။ သနပ်ခါးလေးတွေနဲ့လှနေတဲ့ Smile တို့သားအမိ 😍😍 သနပ်ခါးလေးတွေနဲ့ လှနေလိုက်ကြတာနော်။ "အလှတွေပြင်ပြီးဘုရားသွားတာ ဘုရားကပိတ်ထားတော့ဘာပြောလဲ ပြန်လာရတာပေါ့ 😂"ဆိုပြီး ပရိသတ်တွေရဲ့အချစ်တွေအကုန်လုံးရနေတဲ့ Smile တစ်ယောက် သူမရဲ့ချစ်သမီးလေးတွေနဲ့ ပုံလေးတွေကို လူမှုကွန်ယက်ပေါ်မှာ အခုလိုမျှဝေထားပါတယ်။ #Source & Photo Credit-Smile(စမိုင်းလ်) fb acc: #News Time media

အိမ်မက်တွေအတွက်ကြိုးစားနေတဲ့ပန်းရောင်ခြယ်

Image
 ပန်းရောင်ခြယ်ကတော့ လူငယ် တက်သစ်စ အဆိုတော် တစ်ဦးလဲ ဖြစ်ပါတယ်။ သူမ ရဲ့ အသံ အေးအေးချိုချို လေးတွေ ကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို အပြည့်အဝရရှိထားတာလဲဖြစ်ပါတယ်။ အဆိိုတော် ရုံတင်မကပဲ သရုပ်ဆောင်ပိုင်းမှာလဲ ရုပ်သံဇာတ်လမ်းတွဲတွေပါ ရိုက်ကူးလာတာကိုလဲတွေ့ရှိရပါတယ်။အခုမှာတော့ ပန်းရောင်ခြယ်က သူမရဲ့ လူမှုကွန်ယက် စာမျက်နှာထက်မှာ "အိမ်မက်​တွေအတွက်ကြိုးစားပါ 🌸 ​ပျော်​အောင်​နေပါ 💕"ဆိုပြီး သူမရဲ့အိမ်မက်တွေအတွက်ကြိုးစားရင်း ပျော်ရွှင်နေတဲ့အကြောင်းကို မျှဝေထားပါတယ်။ ပရိတ်သတ်ကြီးလဲ သူမရဲ့ချစ်စရာအမူအရာလေးတွေကြောင့် ပိုပိုပြီးချစ်နေကြပြီမလား?? # Source & Photo Credit- Pan Yaung Chel fb acc: #News Time media

မင်းသွေး အတွက် ရည်စူးပြီးလှူဒါန်းမှုပြုလုပ်ပေးလိုက်တဲ့ နေတိုး

Image
ပရိသတ်အချစ်တော် မင်းသားချောလေး နေတိုးဟာ သရုပ်ဆောင်တော်ရုံသာမက နေထိုင်မှုပုံစံမှာလဲ အနေအေးသူ တစ်ယောက်ဖြစ်ပါတယ်။အမြဲတမ်းအပြုံးလေးနဲ့တုံ့ပြန်တတ်သူမို့ ပရိသတ်တွေကြားမှာသာမက အနုပညာရှင် အချင်းချင်းတောင် ချစ်ခင်လေးစားရသူလဲဖြစ်ပါတယ်။ နေတိုးက ညီဖြစ်သူ မင်းသွေး (ခ)နေမင်းအောင် ခေါ် ညီလေးငယ်အားရည်စူး၍ ဒီကနေ့မှာ လှူဒါန်းခဲ့တာလဲဖြစ်ပါတယ်။ "ဒီနေ့ ကွယ်လွန်သူ - သရုပ်ဆောင်- မင်းသွေး (ခ) နေမင်းအောင် ခေါ် ညီလေးငယ်အားရည်စူး၍ဆွမ်းဆက်ကပ် ပြီးတော့ ရခိုင်စစ်ရှောင်ပြည်သူများအတွက် တဲအိမ်(၁၅)လုံးကို အလိုတော်ပြည့်ဆရာတော်ကြီးအား ဦးထိပ်ထားလျက် ရန်ကုန်မြို့ အလိုတော်ပြည့်ကျောင်းတိုက်သို့လှူဒါန်းခဲ့ပါတယ်။ ပရိသတ်များအားလုံးကုသိုလ်အမျှရပြပါ​စေခင်ဗျာ..🙏🙏🙏" ဆိုတဲ့ စာသားလေးနဲ့အတူ သူရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။ News Time media မှ နေတိုးတို့မိသားစုရဲ့ လှူဒါန်းမှုပုံရိပ်လေးတွေကို ပရိသတ်အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။ပရိသတ်ကြီးလဲ မင်းသွေး (ခ)နေမင်းအောင် ခေါ် ညီလေးငယ် အတွက် အမှတ်တရသတိရ စကား​လေးတွေကို Comment မှာ ပြောသွားပေးကြပါအုန်းနော်... Source & Photo Credit- Nay Toe fb page: #Ashink...

အဖေများနေ့ အမေများနေ့ဆိုပြီးသတ်မှတ်ရက်မရှိပါဘူးဆိုတဲ့ မိုးဟေကို။

Image
သရုပ်ဆောင်မင်းသမီးချောလေး မိုးဟေကိုက အဖေများနေ့မှာသူမအဖေကို ဘယ်လိုဂုဏ်ပြုစကားလေးပြောထားလဲဆိုတော့...?? "အဖေ.... မိသားစုတစ်စုလုံးရဲ့ ဦးဆောင်သူ၊ ရှာဖွေကျွေးမွေးစောင့်ရှောက်ခဲ့သူ အဖေ.... ဒီနေ့ဒီအချိန်အထိ မမောမပန်းမငြိုမငြင်ဘဲ လုပ်ကျွေးတာဝန်ကျေခဲ့သူ အဖေ.... မိသားစုနဲ့အတူ အဆိုးအကောင်းတွေကို မျှဝေရင်ဆိုင်ခွန်အားပေးရင်း.... အနားမှာ ကျန်းမာစွာရှိနေပေးတဲ့အတွက် ပြုစုစောင့်ရှောက်ခွင့်ပေးတဲ့အတွက် ပျော်ရွှင်ကြည်နူးမိပါတယ်..... မိဘဆိုတာ သားသမီးတွေအတွက်ဆို အမြဲအဖြည့်ခံသူတွေပါ.... သားသမီးတွေကို သူတို့ဘဝနဲ့ရင်းပြီး “ပိုး”မွေးသလို ပြုစုစောင့်ရှောက်ခဲ့သလို အမြင့်ဆုံးကိုပျံနိုင်အောင် တောင်ပံတပ်ပေးတဲ့ ပဲ့ကိုင်ရှင်တွေပါ....  မိုးအတွက်ကတော့ အမေများနေ့ အဖေများနေ့ ဆိုတာသတ်မှတ်ရက်မှ ရှိတာမဟုတ်ပါဘူး... မိုးအမြဲ ဦးထိပ်ထားလေးစားရိုသေ တန်ဖိုးထားရတဲ့ မိဘနှစ်ပါးအတွက် မိုးရဲ့နေ့စဉ်ဘဝ ဖြတ်သန်းမှု၊ ကြိုးစားမှုစတဲ့ အချိန်တိုင်းဟာ အဖေ့အတွက်နေ့တွေပါပဲ..." ဆိုပြီး သူမတို့သားအဖနှစ်​​ယောက်ဓာတ်ပုံလေးနှင့်တကွ fb စာမျက်နှာထက်၌ ရေးသားထားပါတယ်။   သူမကိုချစ်တဲ့ပရိတ်သတ်ကြီးလည်း ကျေနပ်ကြလိမ့်မယ်လို့ မျှော်လင့်မိတယ်နော်။ N...

အဖေများနေ့မှာ ဖခင်ဖြစ်သူကို ဆုပေးလိုက်တဲ့နေခြည်ဦး

Image
ပရိသတ်တွေရဲ့ အချစ်တော် နေခြည်ဦးကတော့ Beauty Blogger အဖြစ် အောင်မြင်စွာ ရပ်တည်ရုံသာမကသရုပ်ဆောင်အလုပ်ကိုပါ တစ်စတစ်စ အဆက်မပျက်လုပ်ကိုင်လာပြီး ကြော်ငြာတွေ၊ဇာတ်ကားတွေနဲ့ ဇာတ်လမ်းတွဲတွေပါ ရိုက်ကူးလာတာပဲ ဖြစ်ပါတယ်။ ဒီကနေ့ အဖေများနေ့ မှာတော့ နေခြည်ဦးက ညီမလေး နဲ့ အတူ သူမရဲ့ အဖေနဲ့ တွဲရိုက်ထားတဲ့ မိသားစု ပုံလေးတွေကို တင်ပြီး ''Happy Father’s Day ❤️🥰❤️🥰 ဒီနှစ်မှာ ဖေဖေ့ကို သမီးတို့က ဆုတစ်ခုပေးချင်တယ် ⭐️⭐️⭐️ ဖခင် ဝတ္တရားအကျေပွန်ဆုံးဆု ⭐️⭐️⭐️'' ဆိုတဲ့ စာသားလေးနဲ့ အတူ သူမရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ ဖော်ပြထားတာပဲဖြစ်ပါတယ်။ နေခြည်ဦးကတော့ သူမရဲ့ မိသားစုကို တန်ဖိုးထားချစ်တတ်သူလဲဖြစ်ပါတယ်။သူမတို့မိသားစုလေးရဲ့ နွေးထွေးမှုလေးတွေကိုလဲ ပရိသတ်ကြီးက မကြာခဏ တွေ့ရှိရတာဖြစ်ပါတယ်။ နေခြည်ဦးရဲ့ အဖေများနေ့ အမှတ်တရတွေကို ပရိသတ်ကြီးအတွက် News Time media ကနေ ပြန်လည်မျှဝေ ပေးတာဖြစ်ပါတယ်။ပရိသတ်ကြီးလဲ အဖေများနေ့အမှတ်တရလေးတွေကို Comment မှာ ပြောသွားပေးခဲ့ကြပါအုန်းနော်...... Source & Photo Credit-Nay Chi Oo fb acc:

"မကြာခင် ကျွန်တော်ဖခင်ဖြစ်ပါ​တော့မယ်ဗျ''ဆိုတဲ့ စိုးရန်အောင်

Image
မင်းသားချောလေး စိုးရန်အောင် နဲ့ သက်သခင်တို့ ဇနီးမောင်နှံလေးကတော့ ပြီးခဲ့တဲ့ (၂၀၁၈)ခုနှစ်ကရွှေလက်တွဲခဲ့ပြီး လက်ရှိအချိန်မှာဆိုရင် အိမ်ထောင်သက်(၂)နှစ်ကျော်နေခဲ့ပြီပဲဖြစ်ပါတယ်။ စိုရန်အောင်ကတော့ ဒီနေ့မှာ သူရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်ကနေ သတင်းကောင်းလေးတစ်ခုကို သူ့ရဲ့ပရိသတ်တွေကို မျှဝေလာခဲ့ပါတယ်။ သူငယ်ချင်းမိတ်ဆွေတွေက ကလေးမယူသေးဘူးလားမေးတိုင်း “ဟုတ်ကဲ့ ကျွန်တော်ကြိုးစားပါ့မယ်” လို့ ပြန်ဖြေခဲ့ရပေမယ့် ဒီနေ့မှာတော့ အဖြေကို ပြောင်းပြီး ဖြေပေးလိုက်ပါပြီ။ မကြာခင်မှာပထမဆုံးရင်သွေးလေးကို ပိုင်ဆိုင်တော့မှာဖြစ်တာကြောင့် စိုးရန်အောင်တစ်ယောက်ကတော့အရမ်းကို ပျော်နေပြီး ချစ်ဇနီးလေးကိုလဲ "မိန်းမရေ ကျေးဇူးပါကွာ"လို့လဲပြောထားပါသေးတယ်။ စိုးရန်အောင်နဲ့ သက်သခင်တို့ စုံတွဲလေးအတွက် ပရိသတ်ကြီးကလဲဂုဏ်ပြုစကားလေးတွေ comment လေးမှာပြောခဲ့ပေးကြပါဦး။ Source & Photo Credit-SoeYanAung& ThetThakhin fb acc:

အမေစုရဲ့မွေးနေ့ကို သီချင်းလေးနဲ့ဂုဏ်ပြုလိုက်တဲ့ ဖြူဖြူကျော်သိန်း

Image
အမေစုရဲ့မွေးနေ့ကို သီချင်းလေးနဲ့ဂုဏ်ပြုလိုက်တဲ့ ဖြူဖြူကျော်သိန်း👏👏 အန်တီဒေါ်အောင်ဆန်းစုကြည် မွေးနေ့ကို ဖြူဖြူ့ရဲ့ #ဒြပ်စင် သီချင်းလေးနဲ့ ဂုဏ်ပြုချင်ပါတယ် ❤️ "ပတ္တမြားမှန်ရင် ဘယ်နွံမှာ နစ်လဲပဲ မညစ်ပါဘူးဟေ့ ငါ့ကို နှစ်ချင်သူတွေကြားရဲ့လား....." ဆိုပြီး သူမရဲ့ fb စာမျက်နှာထက်မှာ ဖော်ပြထားပါတယ်။ အမေစုရဲ့မွေးနေ့ကို သီချင်းလေးနဲ့ဂုဏ်ပြုလိုက်တဲ့ ဖြူဖြူကျော်သိန်း Source #Phyu Phyu Kyaw Thein fb acc ဒီလိုအနုပညာသတင်းလေးတွေကို အဆက်မပြတ်တင်ပေးသွားမဲ့ #News Time media page လေးကိုလည်း Like 👍 & Share 😘 လေးလုပ်သွားဖို့မမေ့ကြနဲ့အုန်းနော်။

နောက်ဆုံးတော့ချပြလိုက်ပါပြီဆိုတဲ့ သင်ဇာဝင့်ကျော်

Image
ပရိသတ်အချစ်တော် သင်ဇာဝင့်ကျော်ကတော့ ဆွဲဆောင်မှုရှိလှတဲ့အလှတရားတွေကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေးတစ်ဦးဖြစ်ပါတယ်။  သူမရဲ့ခန္ဓာကိုယ်အချိုးအစားပြေပြစ်သွယ်လျလွန်းတာ ကြောင့်လည်း သင်ဇာဝင့်ကျော်က ပုရိသတွေကြားမှာ သည်းသည်းလှုပ်ရေပန်းစားပြီး ချစ်ခင်မှုတွေကိုရရှိထားသူဖြစ်ပါတယ်။ အခုမှာတော့ သင်ဇာဝင့်ကျော်က သူမရဲ့ လူမှု့ကွန်ယက်စာမျက်နှာပေါ်က တစ်ဆင့် သူမရဲ့ ပရိသတ်တွေကို  " နောက်ဆုံးတော့ ချပြလိုက်ပါပြီ" ဆိုတဲ့ စာသားလေးနဲ့အတူ ကောင်လေးတစ်ယောက်ရဲ့ပုံလေးကို တင်ထားတာ ဖြစ်ပါတယ်။ သင်ဇာက Face App နဲ့ သူမရဲ့ပုံကို ယောက်ျားလေးပုံစံပြောင်းပြီး ပရိသတ်တွေကို စနောက်ကျီစယ်လိုက်တာ ဖြစ်ပါတယ်။ သင်ဇာကို ချစ်ခင်ကြတဲ့ ပရိသတ်ကြီးအတွက် News Time media မှ သင်ဇာ ပုံရိပ်လေးများကို ပြန်လည် မျှဝေပေးတာဖြစ်ပါတယ်။ ပရိသတ်ကြီးလဲ သင်ဇာရဲ့ ကောင်လေးပုံစံလေးကိုကြည့်ပြီး Crush သွားတယ်ဆိုရင် Comment မှာ ပြောသွားခဲ့ကြပါအုန်းနော်.... Source & Photo Credit-Thin Zar Wint Kyaw's FB Acc #News Time media မှ ပြန်လည်မျှဝေဖော်ပြသည်။