အဖေများနေ့မှာ ဖခင်ဖြစ်သူကို ဆုပေးလိုက်တဲ့နေခြည်ဦး




ပရိသတ်တွေရဲ့ အချစ်တော် နေခြည်ဦးကတော့
Beauty Blogger အဖြစ် အောင်မြင်စွာ ရပ်တည်ရုံသာမကသရုပ်ဆောင်အလုပ်ကိုပါ တစ်စတစ်စ အဆက်မပျက်လုပ်ကိုင်လာပြီး ကြော်ငြာတွေ၊ဇာတ်ကားတွေနဲ့ ဇာတ်လမ်းတွဲတွေပါ ရိုက်ကူးလာတာပဲ ဖြစ်ပါတယ်။

ဒီကနေ့ အဖေများနေ့ မှာတော့ နေခြည်ဦးက ညီမလေး နဲ့ အတူ သူမရဲ့ အဖေနဲ့ တွဲရိုက်ထားတဲ့ မိသားစု ပုံလေးတွေကို တင်ပြီး ''Happy Father’s Day ❤️🥰❤️🥰
ဒီနှစ်မှာ ဖေဖေ့ကို သမီးတို့က ဆုတစ်ခုပေးချင်တယ်
⭐️⭐️⭐️ ဖခင် ဝတ္တရားအကျေပွန်ဆုံးဆု ⭐️⭐️⭐️'' ဆိုတဲ့ စာသားလေးနဲ့ အတူ သူမရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ ဖော်ပြထားတာပဲဖြစ်ပါတယ်။





နေခြည်ဦးကတော့ သူမရဲ့ မိသားစုကို တန်ဖိုးထားချစ်တတ်သူလဲဖြစ်ပါတယ်။သူမတို့မိသားစုလေးရဲ့ နွေးထွေးမှုလေးတွေကိုလဲ ပရိသတ်ကြီးက မကြာခဏ တွေ့ရှိရတာဖြစ်ပါတယ်။
နေခြည်ဦးရဲ့ အဖေများနေ့ အမှတ်တရတွေကို ပရိသတ်ကြီးအတွက် News Time media ကနေ ပြန်လည်မျှဝေ ပေးတာဖြစ်ပါတယ်။ပရိသတ်ကြီးလဲ အဖေများနေ့အမှတ်တရလေးတွေကို Comment မှာ ပြောသွားပေးခဲ့ကြပါအုန်းနော်......


Source & Photo Credit-Nay Chi Oo fb acc:



Comments

Popular posts from this blog

အမေ​စု ရဲ့ မွေးနေ့ အတွက် မွေးနေ့လက်ဆောင်နဲ့ ကိတ်မုန့် ပေးပို့ကာ ဆုတောင်းပေးခဲ့ကြတဲ့ နှင်းဆီရင်ခွင်အဖွဲ့သားများ

အိမ်မက်တွေအတွက်ကြိုးစားနေတဲ့ပန်းရောင်ခြယ်

"အလှတွေပြင်ပြီး ဘုရားသွားတာ ဘုရားမဖူးရပဲ ပြန်လာရတဲ့ Smile(စမိုင်းလ်)တို့သားအမိ