ဝေဖန်မှုတွေခံနေရတဲ့ ဖခင်ဖြစ်သူရဲ့ ပန်းချီကားနဲ့ ပတ်သက်ပြီး ချစ်သုဝေပြောပြီ..
အဆိုတော် သရုပ်ဆောင် ချစ်သုဝေ က တော့ လက်တလောမှာ သူမ ဖခင် ရဲ့ ပန်းချီကားနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေအပေါ် သူမရဲ့ လူမှုကွန်ယက် စာမျက်နှာထက်က နေ
ပြန်လည် ပြောပြလာပါတယ်။
"ကျွန်မဖေဖေရေးဆွဲသော ပန်းချီပုံတစ်ခုနှင့်ပတ်သက်၍ အနည်းငယ်ပြောဖို့ ရှိလာပါသည်။အဲဒီနေ့က လူထုခေါင်းဆောင် အမေ့မွေးနေ့။ကျွန်မဖေဖေက မွေးနေ့ပန်းချီကား တစ်ချပ် ဆွဲထား၍ ဖေဖေ့အိမ်သို့ သွားပါသည်။ ရည်ရွယ်ချက်က ကျွန်မတို့ ပန်းချီကားနှင့် အမှတ်တရမွေးနေ့ဆုမွန်တောင်းဖို့ပါ။ရိုးရိုးသားသားပြောရရင် ဖြစ်ကြောင်းကုန်စင်က ဒီလောက်ပါဘဲ။ဖေဖေနှင့် ခင်ပွန်းသည် ကိုးကွယ်သော ဗုဒ္ဓဘာသာ အပေါ် ကျွန်မက မလေးမစား စော်ကားသည်ဟု ထင်မြင်ချက်အချို့နှင့်ပတ်သက်၍ အခုထိကျွန်မ နားမလည်နိုင်သေးပါ။ ကျွန်မတို့မိသားစုအလှူ ဘုရားကျောင်းဆောင်၊ မုခ်ဦး၊ တန်ဆောင်း၊ ကထိန် အလှူများကိုဖော်ပြ၍လည်း မရှင်းပြချင်ပါ။ ထိုအလှူများသည် သဒ္ဒါ၍ လှူချင်လို့ လှူခဲ့ခြင်းဖြစ်ပါသည်။ ထိုအလှူများ၏ မှတ်တမ်းမှတ်ရာ ဓါတ်ပုံများစွာသည်လဲ ဒီလူမှုကွန်ယက်ပေါ်တွင် များစွာရှိပါသည်။ဒီပန်းချီကားနှင့်ပတ်သက်၍ ကျွန်မမှာ အားနည်းချက်တစ်ခုရှိခဲ့ပါသည်။ ဥဏ္ဏလုံမွှေးရှင်တော်နှင့် ပတ်သက်၍ ပန်းချီကားထဲ ထည့်ဆွဲသင့်၊မသင့်ကိုတော့ ကျွန်မဖေဖေကို အကြံဉာဏ်မပေးနိုင်ခဲ့ပါ။ ဘာကြောင့်ဆိုရင် ကျမလုံးဝ မကြားဖူးလို့ဟုသာ အမှန်အတိုင်းဝန်ခံပါသည်။ ဥဏ္ဏလုံမွှေးရှင်တော် သင်္ကေတအနက်အဓိပ္ပါယ်ကို ကျွန်မ အခုမှပင် ဆရာတော်တွေကိုလျှောက်၊ လူကြီးတွေကိုမေး လုပ်ရပါသည်။ ဒါနှင့်ပတ်သက်၍လဲ ကျွန်မဖေဖေမှ ဆရာတော်ကြီးအားလျောက်ထားမေးမြန်း၍ သိရှိနားလည်ကာလေ့လာမှုချို့ယွင်းချက်ကြောင့်သော်လည်းကောင်း၊ နားလည်မှုလွဲမှား၍သော်လည်းကောင်း ၂၁ရက် ဇွန်လက တောင်းပန်ထားပါသည်။ကျွန်မသည် ခရစ်ယာန် ဘာသာဝင်ဖြစ်ပါသည်။ကျွန်မရဲ့ဇာတိ အမိနိုင်ငံသည် ဗုဒ္ဓသာသနာထွန်းကားရာ မြန်မာနိုင်ငံဖြစ်ပါသည်။ကျွန်မဖေဖေ နှင့် ခင်ပွန်း သည် ဗုဒ္ဓသာသနာကို ဆည်းကပ်ပူဇော်သည်။
ကျွန်မ မယ်သီလရှင်မဝတ်ပါ။ သို့သော်,,ဦးဇင်းဆရာတော်များနှင့် မယ်သီလရှင်ဆရာလေး များကိုတော့ ရှိခိုးကန်တော့ပါသည်။ ဘာကြောင့် ကန်တော့လဲ ? ဟုမေးလျှင် လေးစားကြည်ညို၍ ဟုသာ ဖြေပါမည်။ ဒီလိုကန်တော့လို့ ကျွန်မနှင့် ဘာသာတူအချို့မှ ပြောဆိုမှုများရှိရင်လဲ ချစ်ခြင်း၊မုန်းခြင်း မဖြစ်ပါ။ ကိုလင်းပြောသောစကားတစ်ခွန်းကို အမြဲမှတ်ထားသည်။ " လူတစ်ဦးချင်း,တစ်ယောက်ချင်းဟာ သူ့ရဲ့ဘာသာရေးနဲ့ပတ်သက်ရင် သူ့နှလုံးသားမှာ ကိန်းဝပ်နေရင်ပြီးတာဘဲ။ တရားတွေကို လုပ်နိုင်၊မလုပ်နိုင် ကတော့ ဘဝကြီးထဲမှာ သူဘယ်လိုရပ်တည်ရှင်သန်မလဲ အပေါ်မှာ မူတည်တာဘဲ " တဲ့။ ကိုလင်းရဲ့ ဒီစကားကြောင့် ကျွန်မရဲ့ဘာသာတရားအပေါ်လဲ ပိုမိုယုံကြည်ခိုင်မာလာသလို, တစ်ပါးသူ၏ဘာသာတရားအပေါ်လည်း လေးစားမှု ပိုမိုခဲ့ပါသည်။အားလုံး စိတ်နှလုံးချမ်းမြေ့ပါစေ🙏''ဆိုပြီး
ရေးသားဖော်ပြထားတာပဲဖြစ်ပါတယ်။
Source & Photo Credit-Chit Thu Wai's fb acc:






Comments
Post a Comment