"မကြာခင် ကျွန်တော်ဖခင်ဖြစ်ပါတော့မယ်ဗျ''ဆိုတဲ့ စိုးရန်အောင်
မင်းသားချောလေး စိုးရန်အောင် နဲ့ သက်သခင်တို့ ဇနီးမောင်နှံလေးကတော့ ပြီးခဲ့တဲ့ (၂၀၁၈)ခုနှစ်ကရွှေလက်တွဲခဲ့ပြီး လက်ရှိအချိန်မှာဆိုရင် အိမ်ထောင်သက်(၂)နှစ်ကျော်နေခဲ့ပြီပဲဖြစ်ပါတယ်။
စိုရန်အောင်ကတော့ ဒီနေ့မှာ သူရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်ကနေ သတင်းကောင်းလေးတစ်ခုကို သူ့ရဲ့ပရိသတ်တွေကို မျှဝေလာခဲ့ပါတယ်။ သူငယ်ချင်းမိတ်ဆွေတွေက ကလေးမယူသေးဘူးလားမေးတိုင်း “ဟုတ်ကဲ့ ကျွန်တော်ကြိုးစားပါ့မယ်” လို့ ပြန်ဖြေခဲ့ရပေမယ့် ဒီနေ့မှာတော့ အဖြေကို ပြောင်းပြီး ဖြေပေးလိုက်ပါပြီ။
မကြာခင်မှာပထမဆုံးရင်သွေးလေးကို ပိုင်ဆိုင်တော့မှာဖြစ်တာကြောင့် စိုးရန်အောင်တစ်ယောက်ကတော့အရမ်းကို ပျော်နေပြီး ချစ်ဇနီးလေးကိုလဲ "မိန်းမရေ ကျေးဇူးပါကွာ"လို့လဲပြောထားပါသေးတယ်။ စိုးရန်အောင်နဲ့ သက်သခင်တို့ စုံတွဲလေးအတွက် ပရိသတ်ကြီးကလဲဂုဏ်ပြုစကားလေးတွေ comment လေးမှာပြောခဲ့ပေးကြပါဦး။
Source & Photo Credit-SoeYanAung&
ThetThakhin fb acc:





Comments
Post a Comment