မင်းသွေး အတွက် ရည်စူးပြီးလှူဒါန်းမှုပြုလုပ်ပေးလိုက်တဲ့ နေတိုး
ပရိသတ်အချစ်တော် မင်းသားချောလေး နေတိုးဟာ သရုပ်ဆောင်တော်ရုံသာမက နေထိုင်မှုပုံစံမှာလဲ အနေအေးသူ တစ်ယောက်ဖြစ်ပါတယ်။အမြဲတမ်းအပြုံးလေးနဲ့တုံ့ပြန်တတ်သူမို့ ပရိသတ်တွေကြားမှာသာမက
အနုပညာရှင် အချင်းချင်းတောင် ချစ်ခင်လေးစားရသူလဲဖြစ်ပါတယ်။
နေတိုးက ညီဖြစ်သူ မင်းသွေး (ခ)နေမင်းအောင် ခေါ် ညီလေးငယ်အားရည်စူး၍ ဒီကနေ့မှာ လှူဒါန်းခဲ့တာလဲဖြစ်ပါတယ်။
"ဒီနေ့ ကွယ်လွန်သူ - သရုပ်ဆောင်- မင်းသွေး (ခ) နေမင်းအောင် ခေါ် ညီလေးငယ်အားရည်စူး၍ဆွမ်းဆက်ကပ် ပြီးတော့ ရခိုင်စစ်ရှောင်ပြည်သူများအတွက် တဲအိမ်(၁၅)လုံးကို အလိုတော်ပြည့်ဆရာတော်ကြီးအား ဦးထိပ်ထားလျက် ရန်ကုန်မြို့ အလိုတော်ပြည့်ကျောင်းတိုက်သို့လှူဒါန်းခဲ့ပါတယ်။
ပရိသတ်များအားလုံးကုသိုလ်အမျှရပြပါစေခင်ဗျာ..🙏🙏🙏"
ဆိုတဲ့ စာသားလေးနဲ့အတူ သူရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။
News Time media မှ နေတိုးတို့မိသားစုရဲ့ လှူဒါန်းမှုပုံရိပ်လေးတွေကို ပရိသတ်အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။ပရိသတ်ကြီးလဲ မင်းသွေး (ခ)နေမင်းအောင် ခေါ် ညီလေးငယ် အတွက် အမှတ်တရသတိရ စကားလေးတွေကို Comment မှာ ပြောသွားပေးကြပါအုန်းနော်...
Source & Photo Credit- Nay Toe fb page:
#Ashinkumara #RNSWO @BlueArakan
News Time media page လေးကိုလည်း Like & Share လေးလုပ်ထားဖို့ မမေ့နဲ့နော် 😍😍















Comments
Post a Comment