ဝေဖန်မှုတွေခံနေရတဲ့ ဖခင်ဖြစ်သူရဲ့ ပန်းချီကားနဲ့ ပတ်သက်ပြီး ချစ်သုဝေပြောပြီ..
အဆိုတော် သရုပ်ဆောင် ချစ်သုဝေ က တော့ လက်တလောမှာ သူမ ဖခင် ရဲ့ ပန်းချီကားနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေအပေါ် သူမရဲ့ လူမှုကွန်ယက် စာမျက်နှာထက်က နေ ပြန်လည် ပြောပြလာပါတယ်။ "ကျွန်မဖေဖေရေးဆွဲသော ပန်းချီပုံတစ်ခုနှင့်ပတ်သက်၍ အနည်းငယ်ပြောဖို့ ရှိလာပါသည်။ အဲဒီနေ့က လူထုခေါင်းဆောင် အမေ့မွေးနေ့။ ကျွန်မဖေဖေက မွေးနေ့ပန်းချီကား တစ်ချပ် ဆွဲထား၍ ဖေဖေ့အိမ်သို့ သွားပါသည်။ ရည်ရွယ်ချက်က ကျွန်မတို့ ပန်းချီကားနှင့် အမှတ်တရမွေးနေ့ဆုမွန်တောင်းဖို့ပါ။ ရိုးရိုးသားသားပြောရရင် ဖြစ်ကြောင်းကုန်စင်က ဒီလောက်ပါဘဲ။ ဖေဖေနှင့် ခင်ပွန်းသည် ကိုးကွယ်သော ဗုဒ္ဓဘာသာ အပေါ် ကျွန်မက မလေးမစား စော်ကားသည်ဟု ထင်မြင်ချက်အချို့နှင့်ပတ်သက်၍ အခုထိကျွန်မ နားမလည်နိုင်သေးပါ။ ကျွန်မတို့မိသားစုအလှူ ဘုရားကျောင်းဆောင်၊ မုခ်ဦး၊ တန်ဆောင်း၊ ကထိန် အလှူများကိုဖော်ပြ၍လည်း မရှင်းပြချင်ပါ။ ထိုအလှူများသည် သဒ္ဒါ၍ လှူချင်လို့ လှူခဲ့ခြင်းဖြစ်ပါသည်။ ထိုအလှူများ၏ မှတ်တမ်းမှတ်ရာ ဓါတ်ပုံများစွာသည်လဲ ဒီလူမှုကွန်ယက်ပေါ်တွင် များစွာရှိပါသည်။ ဒီပန်းချီကားနှင့်ပတ်သက်၍ ကျွန်မမှာ အားနည်းချက်တစ်ခုရှိခဲ့ပါသည်။ ဥဏ္ဏလုံမွှေးရှင်တော်နှင့် ပတ်သက်၍ ပန်းချီကာ...